မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်းသီးနှံ ယာခင်းများ ရိတ်သိမ်းပြီးနောက် ဆောင်းသီးနှံကြက်သွန်ဖြူ များ ထပ်မံစိုက်ပျိုး

မိုးနဲ ဒီဇင်ဘာ ၁၁ 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ စိုက်ပျိုးရေး လုပ်ငန်းကို အများစုလုပ်ကိုင်ကြရာ မိုးသီးနှံ ‌အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းပြီးချိန်တွင် ယာခင်းအတွင်း ရှင်းလင်း၍  ရေသွင်းကာ ဆောင်းသီးနှံကြက်သွန်ဖြူ မျိုးများကို စီးပွားဖြစ်  ဆက်လက်စိုက်ပျိုး ထားရှိကြောင်း ဦးမောင်‌အေး ထံမှသိရသည်။

အဆိုပါ ဆောင်းသီးနှံ ကြက်သွန်ဖြူများကို ၁ ဧကစာ ထပ်မံစိုက်ပျိုးထားပြီး စိုက်ပျိုးရာတွင် စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်မှုနှင့် အညီ ပုလဲမြေဩဇာကို တိတိကျကျ သုံးထားခြင်း၊ မစိုက်ပျိုးမီ ပြောင်းများ ရိတ်သိမ်းပြီးချိန်တွင် ယာခင်းအတွင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး ၂ ရက်ကြာ ရေ‌သွင်းထားခြင်း၊ ထို့နောက် စတင်စိုက်ပျိုး နိုင်ပြီဖြစ်ကြောင်း၊ စိုက်ပျိုးပြီးချိန်တွင် ကောက်ရိုးများ ဖုံးအုပ်ပေးခြင်းဖြင့် အလျှင်အမြန် အပင်သန် နူန်းမြန်ခြင်း တို့ကြောင့် ကောက်ရိုးများ ဖုံးအုပ်ထားရကြောင်း၊ ယခု ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး မတ်လ တွင် နှုတ်ယူ ရောင်းချနိုင်ပြီဖြစ်ကြောင်း ယခင်နှစ် ကြက်သွန်ဖြူ စိုက်ခင်းများ စိုက်ပျိုးရာတွင် အမြတ်များများ ရရှိကြောင်း ကြက်သွန်စိုက် တောင်သူ ဦးမောင်အေး ၏ပြောကြားချက်အရသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)