ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

ကော့မှူး ဒီဇင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာ များ ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကိုဖော်ပြ လိုက်ရ ပါသည်။

ဒေါ်ဝင်းမော်(ပြန်လည်ကျန်းမာလာသူ တစ်ဦး)

ကျွန်မနာမည်က‌ ဒေါ်ဝင်းမော်ပါ ၊ အသက်(၅၈)နှစ်ပါ၊  မြို့သစ်ရပ်ကွက်မှာနေပါတယ် ၊ စက်တင်ဘာ ၁၀ရက်နေ့လောက်မှ ကိုဗစ်ရောဂါစဖြစ်တာပါ၊  အဲဒီမတိုင်ခင်ငါးရက်လောက်က မိုးမိပြီးညဘက်မှာ ကိုယ်တွေ လက်တွေကိုက်ခဲလာပါတယ် ။နောက်တစ်နေ့မှာအဖျားကြီးပြီး ရာသီတုပ်ကွေးပုံစံဖြစ် ပေါ်ခံစားလာရတယ် ၊ နှာပိတ်ခြင်း၊ခေါင်းကိုက်ခြင်း ၊မောပန်းခြင်း ဝေဒနာတွေခံစားရတယ် ။ အစားအသောက်က အရသာမရှိဘူး ၊စားမ ဝင်အိပ်မပျော်ခြင်းနှင့် အနံ့အရသာတွေပျောက်သွား တယ် ဒါနဲ့အိမ်ထဲမှာအခန်းခွဲပြီး (၂၁)ရက်ကြာကုသတယ် အစားအစာများများစားတယ် အချိန်မှန်အိပ်တယ် ဘာသာရေး လည်း ပိုလုပ်ဖြစ်တယ်၊  ကြက်ဥပြုတ်စားတယ်၊ ၊Vitamin C  Vitamin D ဆေးဝါးတွေကို   ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်တယ်။  ဒီလိုနဲ့ စဖြစ်တဲ့ အချိန်က အရမ်းကြောက်မိတယ် ။ နောက်ငါဒီရောဂါကို လုံးဝတိုက်  ထုတ်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက် နဲ့ရင်ဆိုင်ကုသခဲ့တာဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ပြောချင်တာကတော့ အိပ်ရေးဝဝအိပ်ပါ။ အားရှိတဲ့အစားအစာကို အချိန်မှန်မှန်စားပါ။  ကိုဗစ်-၁၉ရောဂါ သံသယ လက္ခဏဖြစ်ပေါ်လာပါကလုံးဝမကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ။ ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပါ။ကိုယ် လက်လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပါကစနစ်တကျကုသ ပါလို့ပြောချင်ပါတယ်ရှင် ။ ကျေးဇူးတင်ပါရှင်။

ကျော်သူရ