ကျောက်ဆည်၊ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်းခိုးကြီးဘုရားများတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီးဘုရား နှစ်ဆူသည် လူသိများပြီး ဘုရားဖူးများနေ့စဉ်လာရောက် ဖူးမျော်ဘုရားကန်တော့ ဆုတောင်းလျက်ရှိရာ အခါကြီးရက်ကြီး များနှင့် အစိုးရရုံးပိတ်ရက်များတွင် ပိုမိုစည်းကားလျက်ရှိကြောင်း သိရှိရသည်။
တမုတ်ရွှေဂူကြီးဘုရားသည့် ကျောက်ဆည်မြို့ အနောက်ဘက်(၅)မိုင်အကွာ ညောင်ပင်ဇောက်ကျေးရွာ အနီးတွင် တည်ရှိပြီး၊ မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့မြောက် ဘက် ရန်ကုန်-မန္တလေးကားလမ်း သင်တောင်းကြီး ကျေးရွာအနီးတွင် တည်ရှိကြောင်း သိရှိရကာ မဟာဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားကြီးတွင် အုန်း၊ငှက်ပျောပွဲနှင့် အဓိဌာပြုဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူး ပြည်သူများ အမြဲလာရောက်အဓိဌာန်ပြုဆုတောင်းလျက်ရှိကြောင်းနှင့် အခါကြီးရက်ကြီး နေ့များ နှင့်အစိုးရရုံးပိတ်ရက်များတွင် ရပ်ဝေး၊ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိ ရသည်။
(ခရိုင် ပြန်/ဆက်)