ကျောက်ဖြူ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ကူးစက်မှု မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိဈေးများနှင့် လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိုမိခရွန် (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်မှုမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ် မှုများပြုလုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများဖြစ်ပွား လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးသွားရောက် ပြသကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန် စသည့် လိုက်နာရမည့်စည်းကမ်းချက် များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း