ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်းအတွင်း ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ရန်ကုန်    ဒီဇင်ဘာ  ၁၁

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်းအတွင်း၌ ယနေ့နံနက် (၅)နာရီခွဲအချိန်က ၂၀၂၁-ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များ က ကျိုက္ကဆံအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင် ရေး သွေးပူ လေ့ကျင့်ခန်းများကို တပျော်တပါး ပြုလုပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တာဝန်ရှိသူ များက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)