ဟိုပုံးမြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ပြုလုပ်

ဟိုပုံး       ဒီဇင်ဘာ    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် နှင့်အားကစား အသိပညာပေး Talk Show ကို ယနေ့ နံနက်၁၀နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး) Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)မှဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန်းခမ်းခြူးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက လူငယ်များအတွက် အားကစား၏ အဓိပ္ပာယ်၊ လူငယ်များအနေဖြင့် ကစားသင့်သည့် အားကစားအမျိုးအစားများ၊ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်ပတ်သတ်၍ လှုပ်ရှားဆောင်ရွက်နေမှုများ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ပြုလုပ်မည့် အခြေအနေနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)