ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ကျောင်းတက်ချိန်မှ စတင်ပြီး ညနေကျောင်းဆင်းချိန်အထိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈) ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၆) ကျောင်း၊ မူလတန်း ကျောင်း (၁၂၉) ကျောင်း၊ မူလတန်းခွဲကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း (၁၅) ကျောင်းနှင့် ကိုပိုင်ကျောင်း(၃)ကျောင်းရှိကြောင်း သိရှိရကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)