ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၀ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မြို့နယ် ဦးစီးမှူး ဦးခင်မောင်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်၊ စက်ဆန်းဓမ္မာရုံ၌ ရပ်ကွက် နေပြည်သူများအား ပန်းခင်းစိမံချက်ဖြင့် အိမ်ထောင်စုစာရင်း (၁၄၄)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁၈၆) ဦးအား ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။