မရမ်းကုန်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါး အသင်း၏စီစဉ်မှုဖြင့် ပြည်သူများစားသောက်ကုန်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက် (၇း၀၀) နာရီ အချိန်က အမှတ်(၈)ရပ်ကွက်၊ ဘူတာရုံလမ်းနှင့် အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာ အိမ်ယာ(၁)တို့ရှိ ပြည်သူများအတွက် Mobileစျေးကားများဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချသည့် စားသောက်ကုန်များမှာဆန်၊ ဆီ၊ အမဲသား၊ စိတ်သားနှင့် ကြက်ဥများ ရောင်းချ ပေးလျက်ရှိပြီး ဈေးရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။