ပင်းတယမြို့နယ်၌ အိုမိခရွန်(Omicron)ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါပိုးကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ပင်းတယ   ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၌အိုမိခရွန်(Omicron)ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း  များက ဟမ်းစပီကာနဲ့  မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍  အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 အသိပေးနှိုးဆော်ရာ၌  ပြည်သူများအနေဖြင့်   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ နေအိမ်တွင် သာနေထိုင်ကြရန် ၊ပြင်ပဧည့်သည်များ လက်မခံရန် နှင့်မိမိလည်းအခြားသူများထံမသွားရန်၊အပြင်ထွက်လျှင်Mask စနှစ်တကျ တပ်ဆင်ရန်၊ လူစု လူဝေးရှောင်ကြဉ်ရန်၊လက်ကိုမကြာခဏဆေးကြောရန်၊လက်ကိုဆေးကြောခြင်းမပြုဘဲ

ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်း၊ နေရာများကိုရှောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်းMask ကို အပြင်တွင်စွန့်ပစ်ပြီး ကိုယ်လက်သန့်စင်ပြီးမှသာ အိမ်သားများနှင့်ထိတွေ့ရန်၊ သက်ကြီးရွယ်အိုနှင့် ရောဂါ အခံရှိသူများကို ဂရုစိုက်ရန်၊ ရောဂါဖြစ်ကြောင်းသံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာန အမြန်ဆုံးသွားရောက်စစ်ဆေးမှုခံယူရန်စသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများကိုအသိပေးနှိုးဆော်ခဲ့ကြောင်း  သိရသည်။

ပင်းတယ ( ပြန်/ဆက်)