တောင်သာ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာ ရေးဦးစီးဌာနသို့ သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊အသက် ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ပိုပြီးအန္တရာယ် များကြောင်းနှင့် ရောဂါအကောင်းဆုံး ကာကွယ်ဖို့ နည်းလမ်းတွေများမှာ စနစ်တကျ လက်မဆေးဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုလက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တတ်နိုင်သလောက် မိမိ လက်နဲ့မျက်နှာကို မထိတွေ့စေဖို့သတိပြုပါ။ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကို ရွေးချယ် စားသုံးပါ။ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်တဲ့ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)