ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ် ရောက်ထုတ်ပေးနိုင်ရန် ပန်းခင်းစီမခံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင် စုလူဦးရေစာရင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဦးဆောင်မှုဖြင့် ပတ္တာကျေးရွာအုပ်စုမှ ပတ္တာ၊ ငါးဆူ၊ ထနောင်ပင်လှ ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးအောင်ထားရွှေနှင့်ဝန်ထမ်းများကအသက် (၁၀)မှ(၁၆)နှစ်အတွင်းရှိ အမျိုးသား(၃)ဦး၊ အမျိုးသမီး (၁)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၁)ဦး စုစုပေါင်း(၂၃၅)ဦး အား နိုင်ငံသား စိစစ်ရေးကတ်များနေ့ချင်းပြီး အခမဲ့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာရှိရာ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ချိတ်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်မှ(၁၆)နှစ်အကြား အမျိုးသား (၂၄၂)ဦးနှင့် အမျိုးသမီး(၂၁၈)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၁၃၅၈)ဦး၊ အမျိုး သမီး(၁၃၂၉)ဦး စုစုပေါင်း (၃၁၄၇)ဦးနှင့် လူဦးရေ(၁၃၅၂)ဦးပါသည့် အိမ်ထောင်စုစာရင်း(၇၄၁)စု ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)