ကျိုက်မရော ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မေသရဖူပရဟိတ အသင်းတို့ပူးပေါင်း၍ "အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး” အသိပညာပေး (Talk Show) ကိုယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး ကျိုက်မရော မြို့နယ်မေသရဖူ လူမှုပရဟိတအသင်းမှဥက္ကဋ္ဌ ဒေါ်မိုးမိုးစံက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေနွေးရာ၌ အမျိုးသမီးများ အပေါ် အကြမ်းဖက်ရခြင်း အချက်(၃)ချက်ရှိကြောင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အဆိုပါ အခြေခံအချက်သုံး ချက် အပေါ်မူ တည်၍ အကြမ်းဖက်ခံရခြင်းအပြင် အချို့အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုအပေါ်မူတည်၍လည်းအကြမ်းဖက်ခံရခြင်းဖြစ်ကြောင်း ထို့ကြောင့်မြန်မာ အမျိုးသမီးများ အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုကိုဆန့်ကျင်သည့် အဝတ်အစားများကိုဝတ်စားဆင်ယင်ခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း အမျိူးသမီးများအနေဖြင့် အကြမ်းဖက်မှုမှကာကွယ်ရန် မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်းတို့ကိုပညာ ပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)