မိုင်းယုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းယု ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လောကဇာတ်ခုံပေါ်မှာ”စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးအားချာက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးလှသက်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”စာအုပ်ပါ “စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးခင်မောင်လတ်က “ခေတ်မီရမှာက ပညာဗဟုသုတ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းကောင်ကျောက်က “စာပေနှင့်မွေ့လျော်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင်များက ယင်းတို့၏ ဖတ်ကြားချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အားချာ