နောင်တရားမြို့၌ စာသင်ကျောင်းများ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိ

နောင်တရား       ဒီဇင်ဘာ    ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့အတွင်းရှိ စာသင်ကျောင်းများ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစည်းကမ်းနှင့်အညီ ဒီဇင်ဘာလမှစ၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မြန်မာတစ်နိုင်ငံလုံး  နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍  စာသင်ကျောင်းများ ပြန်လည် ဖွင့်ခဲ့ရာတွင် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု နှုန်းများပြားနေခြင်းကြောင့် Local Semi-Lockdown ကာလထုတ်ပြန်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေခြင်းကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။ ပင်လောင်းမြိုနယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်မှု‌လျော့ကျသွား ခြင်းကြောင့် စာသင်ကျောင်းများကို  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နောင်တရားမြို့ အတွင်း၌ အ.မ.ကကျောင်း (၂)ကျောင်း၊ အ.လ.ကကျောင်း(၁)ကျောင်းနှင့် အ.ထ.က ကျောင်း(၁)ကျောင်းရှိသည်။

ခွန်အောင်(နောင်တရား)