နောင်ချိုမြို့နယ်၌ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နောင်ချို    ဒီဇင်ဘာလ    ၁၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြို့မအားကစားကွင်း၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်အားကာမှူးထံမှ သိရသည်။

အားကစားပြိုင်ပွဲတွင် မီတာ(၁၀၀) ၊ မီတာ(၂၀၀)၊ မီတာ (၄၀၀) ၊ မီတာ (၈၀၀)၊ မီတာ(၁၅၀၀) ကျား၊မအပြေးပြိုင်ပွဲများ၊ သံလုံးပစ် ၊သံပြားပစ် ၊ လှံတံပစ် ၊ အမြှင့်ခုန် ကစားနည်းများကို အသက် (၁၈)နှစ်အောက် ကျောင်းသား၊ကျောင်းသူများ၊ရပ်ကွက်နေပြည်သူများပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် ဌာနဆိုင်ရာ များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း မြို့နယ်အားကာ မှူးထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)