ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး များကို ရက်အလိုက်ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိပြီး၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက်၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိသူများ၊ သတ်မှတ် ဆေးထိုး အုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူများအား မြို့နယ် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြုဆရာမများနှင့်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များနှင့် လူမှုရေးအဖွဲ့အစည်းများ က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ