မိုးမောက်မြို့တွင် အားကစားဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

မိုးမောက်   ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ ကိုဗစ်−၁၉ ရောဂါကာလအတွင်း ဗဟုသုတ ရရှိစေရန် အသိပညာပေး ဆွေးနွေးပွဲများကို Online Page မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

Talk Show တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုး က အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့ပြီး အားကစားအဓိပ္ပာယ် ၊ အားကစား (၄)မျိုးအကြောင်း ၊ လေ့ကျင့်ခန်း အဓိပ္ပာယ် ၊ ကိုဗစ်ကာလ ဒီဇင်ဘာ အားကစားကာလအတွင်း အားကစားနည်းအမျိုးမျိုးမှ အရွယ် (၃)ပါး မရွေးလေ့ကျင့်လှုပ်ရှားနိုင်သည့် အားကစားနည်းလမ်းများ၊ လမ်းလျှောက်ခြင်းအမျိုးအစားများ၊ ကျန်းမာရေးအတွက် လမ်းလျှောက်ရာမှာ လိုက်နာသင့်သည့်အချက်များ၊ လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများများကို မေးမြန်းခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှမြို့နယ်ဦးစီးမှူးဦးဇော်မင်းလတ်ကဖြေကြားဆွေးနွေးခဲ့သည်။ အားကစားဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးမှုအပြည့်အစုံကို မိုးမောက်မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Online  Page တွင်ထုတ် လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။