အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ်ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး သိကောင်းစရာများကို အသဲချဲ့စက်ဖြင့် နှိုးဆော် လျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိဈေးများတွင် နေ့စဉ်ဝန်ထမ်း များက ရောဂါကာကွယ်ရေး အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် နှိုးဆော်လျက်ရှိ ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ကုန်း ဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူ များအား ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ်ဝန်ထမ်းများက အသံချဲ့စက်ဖြင့် ဈေးများ အတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ ကွာနေကြရန်နှင့် လက်ကို စနစ်တကျ ဆေးကြောရန် စသည့် အသိပညာပေး သိ ကောင်းစရာများကို နှိုးဆော်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဈေးများတွင်လည်း တာဝန်ရှိသူ များက ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဈေးများ၏ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးအဝင်ဝတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် စသည့် ရောဂါအကြောင်း သိကောင်းစရာများကို ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသိပညာ ပေး ဆောင်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)