သထုံမြို့နယ်တွင် စျေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

သထုံ    ဒီဇင်ဘာ   ၁၀

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် သုဝဏ္ဏဈေးနှင့် မြို့မဈေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဒေါ်ခင်လေးကြိုင်နှင့် ဈေးစည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများပူးပေါင်းကာ စျေးများအတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေပိုက်ခေါင်းများ ပျက်စီးမှု ရှိ/ မရှိ အပေါ့စား မီးသတ်စက်စသည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူးထားရှိမှုများ၊ လျှပ်စစ်မီးဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးခလုပ်တပ်ဆင် အသုံးပြုမှုစနစ်များ စသည်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် လိုအပ်သည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)