ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် အသိပညာ‌‌ပေးနှိုးဆော်

ပုံပါကျင်       ဒီဇင်ဘာ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်‌ရေးအတွက်  ကြိုတင်ကာကွယ် ရေး လိုက်နာရမည့် အချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဉ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံကြရန် Hand speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းကို   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အမှတ်(၅) ရပ်ကွက်သို့သွားရောက်နှိုး‌ဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)