မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး (SINOPHARM)တတိယသုတ်  (Second Dose) ပြည်သူ(၃၁၉)ဦးအား ထိုးနှံပေးပြီး

မန်တုံ      ဒီဇင်ဘာလ  

ရှမ်းပြည်နယ်၊   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  မန်တုံမြို့နယ်ပြည်သူ့ဆေးရုံ၌  ယမန်နေ့ နံနက(၉) နာရီအချိန်ကစတင်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား(SINOPHARM) ဒုတိယသုတ် (Second Dose)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များက လို အပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံနိုင်ရေးအတွက်ကာကွယ်ဆေးမထိုးမီဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယားမှတ်တမ်းရယူခြင်း များဆောင်ရွက်ခဲ့ပြီး စေတနာ/ပရဟိတဝန်ထမ်းများ(၂)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်း လုပ်ကိုင်သူများ (၈၁)ဦး၊ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်ဝန်ထမ်းများ (၂၂)ဦး၊ မှီခို(၃၁)ဦး၊ စုစုပေါင်း(၁၃၆)ဦးအား ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်နားနေစေကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန်တုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ အနေဖြင့်ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ (SINOPHARM)တတိယသုတ်(SecondDose)ကို၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ထိ စေတနာ/ပရဟိတဝန်ထမ်း(၂)ဦး၊ နိုင်ငံဝန်ထမ်း (၉)ဦး၊ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း များ(၂)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၂၀၁)ဦး၊ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်ဝန်ထမ်းများ (၄၇)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ(၃)ဦး၊  မှီခို (၅၅)၊ စုစုပေါင်း (၃၁၉)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)