ပန်ဆိုင်း(ကြူကုတ်)မြို့ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ အခြေခံပညာကျောင်းများ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ဆရာ/ဆရာများ ကျောင်းဝင်ပေါက်တွင် အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း (Mask)များတပ်ဆင်စေခြင်း ၊ လက်ဆေးခြင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မူလတန်း ၊ အလယ်တန်း နှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်း ၁၇ကျောင်း ရှိသည့်အနက် ကျောင်းပေါင်း ၁၀ကျောင်း ကျောင်းဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
အိဖြူ(ပန်ဆိုင်း)