ရပ်စောက် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commnity Centre) ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ Talk Show တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်းမှာ ကိုဗစ်-၁၉ရောဂါကာလတွင် မိမိတို့၏ နေအိမ်၌ (Stay Home)နေထိုင်သည့် ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ Online မှတစ်ဆင့် အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်က ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရမည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show အစီစဉ်များကို We Love Yatsauk Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရဲထက်ဦး(ပြန်/ဆက်)