အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၉

မန္တလေးခရိုင်၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ယနေ့လယ် (၂) နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ဆေးရာင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှ က ကလေးငယ်များ ဉာဏ်ရည်ထက်မြတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲဝင်ကလေးငယ် (၁၂) ဦးမှ ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် ဆုရကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးများအားလုံးကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်တင်လှ -အမရ