ဘူးသီးတောင်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပြည်သူ့အကျိုးပြုအသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘူးသီးတောင်  ဒီဇင်ဘာ  ၉

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ဉီးသန်းရွှေ ဉီးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် (၈)နာရီအချိန် က နတ်ပင်ရင်းလမ်းဆုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံ လမ်းဆုံတို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ကြပ်ကြီး ဉီးသန်းရွှေ ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့ လူစည်ကားရာနေရာများနှင့် ယာဉ်အသွား/အလာများသော နတ်ပင်ရင်းလမ်းဆုံနှင့် ပြည်သူ့ဆေးရုံလမ်းဆုံတို့တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်၊ သုံးဘီးယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ/စီးနှင်းလိုက်ပါသူများအား မော်တော်ယာဉ်ဖြင့် သွားနေစဉ် အရက်သေစာသောက်စား မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုကြရန်၊ ပြိုင်စီးခြင်း/အုပ်စုဖွဲ့မစီးကြရန်၊ ဆိုင်ကယ်ပေါ်(၂)ဦးထက်ပိုမို တင်ဆောင်မစီးကြရန်နှင့် မော်တော်ဆိုင်ကယ်စီး ဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်ဆင်၍ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့်အညီ သွားလာကြရန်၊ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး (Mask)တပ်ဆင်ကြရန် ပြည်သူ့အကျိုးပြု အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)