မုဒုံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်

မုဒုံ ဒီဇင်ဘာ ၉

မွန်ပြည်နယ်  မုဒုံမြို့နယ် ကော့ပရံကျေးရွာရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြို ကျောင်းအား ဒီဇင်ဘာလပထမပတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မူလတန်းကြိုကျောင်းသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုခိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင် ပြင်ဆင်ထားမှု၊ သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများ ထားရှိမှု ရှိ/မရှိ၊ အဆောက်အဦအခြေအနေများ၊ သင်ကြားရေးဆရာမများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားမှု အခြေအနေများ တို့ကိုလည်ကောင်း၊ ကလေးငယ် (၄၂) ဦးအတွက် ကစားစရာအရုပ် များနှင့် အာဟာရစားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ သည်။

ထို့နောက် သားဖွားခန်းဆောင်ရှိ ကိုယ်ဝန်ဆောင် (၁၂)ဦးတို့အား ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့် ရှောက်ပေးနေမှု အခြေအနေများတို့ကို ကြည့်ရှုအားပေးပြီး  ကွေကာအုပ်၊ ကြက်ဥ၊ အိုင်အိုဒင်းဆားများထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်

၍  မြို့မ(၂) ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်ခွဲ အောက်ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများတို့ကို  ကြည့်ရှူ အားပေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)