မင်းပြားမြို့နယ်၌ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် Online Talk Show ဟောပြောပွဲကျင်းပ

မင်းပြား ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်Online Talk Showဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ Online Talk Show ဟောပြောပွဲတွင်မင်းပြားမြို့နယ်ရခိုင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဒေါ်ကျားမခိုင်က ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည် နယ်နေ့ ဖြစ်ပေါ် လာပုံ၊ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ဆောင်ရွက်ချက်များ၊ တိုင်းရင်း သားအားလုံး စည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များမပျောက်မပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးစသည့်  ရခိုင်ရိုးရာအစဉ်အလာ များကိုအသိပညာပေး ပြောကြာခဲ့ကြောင်း သိရသည်။

သိန်းနုအောင်