မြေပုံ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ် မြောက်ဦးရိုင် မြေပုံမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်နိုင်ရေး ပညာပေးဟောပြောကို ယနေ့ နံနက် ၁၀ နာရီက အထက မြေပုံမြို့၌ ကျင်းပသည်။
ရှေးဦးစွာ မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ဦးနှင့် မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဦးတို့က မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်နိုင်ရေးအသိပညာပေးမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှုများ ဟောပြောပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ ရဲမှူးကျော်ကျော်ဦး နှင့် ဒုရဲမှူးကျော်ဦး တို့က ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါဟောပြောသို့ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူစုစုပေါင်း ၁၅၀ ဦးတက်ရောက်ကြကြောင်းသိရသည်။
တင်ဝင်း(ပြန်/ဆက်)