သထုံ ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဒီဇင်ဘာလ ၉ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်စာအုပ်စာပေ ချစ်သူများ အသင်း(Book Club)မှ အဖွဲ့ဝင်များတွေ့ဆုံကာ စာပေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် Book Club အဖွဲ့ နာယက ဦးစောဘသိန်းက က်ုဗစ်-၁၉ ကြောင့် အဖွဲ့ဝင်များယခုကဲ့သို့ တွေဆုံဆွေးနွေးရန် ခက်ခဲခဲ့သောကြောင့် အဖွဲ့၏စာပေဆိုင်ရာလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း စာပေဆိုင်ရာ လှုပ်ရှားမှုများကို အလျဉ်းသင့်သလိုဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ဆွေးနွေးအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်ခင်လေးနွယ်က စာပေဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဖွဲ့အနေဖြင့် ရှေ့ဆက်ဆောင်ရွက် ရမည့် စာပေဆိုင်ရာကိစ္စများ၊ စာဖတ်ဝိုင်းများကျင်းပရေး၊ အခြေခံပညာကျောင်းများ၌ စာပေဟော ပြောပွဲများ ဆောင်ရွက်နိုင်ရေးနှင့် ဖတ်မှတ်သင့်သည့် စာအုပ်စာစောင်များ၊ စာပေထုတ်နုတ်ချက်များ စသည်တို့ကို တစ်ဦးချင်းအလိုက် ပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်