ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပုံဆွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မင်းပြား ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မင်းပြားမြို့နယ်ရုံး၌ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ပုံဆွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခမ်းမ၌ ကျင်းပ ပြုလုပ်သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ဖြစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ပုံဆွဲပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြု လုပ်ရာဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြသည်။

ဆက်လက်ပြီး စာအုပ်ပြပွဲ၌ ခင်းကျင်းပြသထားသော စာအုပ်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

သိန်းနုအောင်