ပူတာအိုမြို့ မြို့မဈေး(မနက်ဈေး)၌ Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအားကြည့်ရှုအားပေး

ပူတာအို ဒီဇင်ဘာ ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦး၀င်းရဲထွန်းသည် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့၀င်များ၊ ပူတာအိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ မချမ်းဘော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့၀င်များလိုက်ပါလျက် ယမန်နေ့နံနက် (၇)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး( မနက်ဈေး)တွင် ဈေးရောင်းဈေး၀ယ်ပြည်သူများအား Mask အခု (၃၀၀၀ ) ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ၀န်ကြီးနှင့်တာ၀န်ရှိသူများက ဈေးရောင်းဈေး၀ယ်ပြည်သူများအနေဖြင့် Maskများ စနစ်တကျတပ်ဆင်ပြီး ဈေးရောင်းဈေး၀ယ်ပြုလုပ်ကြရန်နှင့် Mask တပ်ဆင်ခြင်းဖြင့် ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ရေးအသိပညာပေး ပြောကြားသည်။

ထို့နောက် ၀န်ကြီးနှင့် တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ(အမ်ဘူဒမ်း)အခြေခံပညာ မူလတန်းကျောင်းနှင့် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းသူ ကျောင်းသားများအား ကျန်းမာရေးဆရာ ဆရာမများက RDT Test kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး ပေးနေမှုများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကိုကြည့်ရှုအား ပေးပြီး ၀န်ကြီးက ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ရောဂါအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ရန်အတွက် တစ်ဆင့်စကားတစ်ဆင့် အသိပေးနိူးဆော်ပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့် ဒေသခ ပြည်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ၀န်ကြီးနှင့် တာ၀န်ရှိသူများသည် ဒီဇင်ဘာ (၆)ရက် ညနေပိုင်းက ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ခေါင်လန်ဖူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဆရာမနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း များကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရေးဆွေးနွေးပြောကြားခဲ့ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်ကျန်းမာရေး ဆရာဆရာမများက ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်( ပူတာအို)