ဘီးလင်းမြို့နယ်၌ ပန်းခင်းစီမံချက်​ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်

ဘီးလင်း ဒီဇင်ဘာ  

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့်ကျေးရွာများအလိုက် mobile စနစ်ဖြင့် လိုက်လံဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ထွန်း၊ မြို့နယ်စီမံကော်မတီအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းနှင့် မြို့နယ်လဝက ဦစီးမှူး ဦးစောဝင်းကြည်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၈၂၀ ခုကို ကျေးရွာ ရွာမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထူးနောင်