ဗန်းမော် ဒီဇင်ဘာ ၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များတို့အား ပူးပေါင်း၍ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗန်းမော်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်စံဝင်း(ဗန်းမော်)က စာပေဖတ်ရှုခြင်းမှ ရရှိသည့် အကျိုးကျေးဇူးအကြောင်းကို လည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူ ဒေါ်အေးအေးမူက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်း တွင် စာရေးဆရာ အိမ်ကြီးမောင် ရေးသားသော "သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး အားလုံးပူးပေါင်း ကူညီပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မြသက်ဦးက စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) ရေးသားသော "ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပါနှင့်အဆီကျ ပိန်စေနိုင်သောနည်းများ" စာအုပ်ကို ဆွေးနွေးခဲ့ကြကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)