ကျောက်ဖြူမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမုန် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ

ကျောက်ဖြူ       ဒီဇင်ဘာ  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ မွေးကင်းစမှအသက် (၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမုန်ကာကွယ် ဆေး၊ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ထိုးနှံတိုက်ကျွေး ပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောက်ဖြူမြို့ပေါ်ရပ် ကွက်၊ ငလပွေ့ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်များရှိ မွေးကင်းစမှအသက် (၂)နှစ် အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမုန်ကာကွယ်ဆေးများကို  ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျလက်ခံဆောင်ရွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦးအား သတ်မှတ် အကွာအဝေးမှနေထိုင်စေခြင်း၊ ပါးစပ်နှင့် နာခေါင်းစည်းမပါသူများအား ပါးစပ်နှင့်နာခေါင်း စည်းများ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များထားရှိကာ လက်ကိုစနစ်တကျဆေး ကြောစေခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းကာကွယ်ဆေးထိုးနှံခြင်းအား မြို့ပေါ်ရပ်ကွက်များရှိ ကာကွယ် ဆေးထိုးနှံရန်အကျုံးဝင်သူများကို ဒီဇင်ဘာလ (၆)ရက်မှဒီဇင်ဘာလ(၈) ရက်နေ့ အထိ အလှည့်ကျ နံနက် (၁၀)နာရီမှ ညနေ(၄) နာရီ အထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးများအား ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ အသည်းရောင် အသားဝါဘီ၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော(ရိုတာဗိုင်းရပ်(စ်))စသည့် ကာကွယ်ဆေး(၁၃)မျိုးအား လည်းကောင်း၊ ကိုယ် ဝန်ဆောင်မိခင်များအား မေးခိုင်နှင့် ဆုံဆိုနာကာကွယ်ဆေးအားလည်းကောင်း ထိုးပေးလျက် ရှိကြောင်းမြို့နယ်ကျန်းမာရေးမှူးထံမှသိရသည်။

 

 ဖြိုးဝေလင်း၊  တင်ထွန်းဦး (ပြန်/ဆက်)