အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက နှိုးဆော်ခဲ့သည်။

နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် စည်ပင် သာယာရေးဝန်ထမ်းများက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် သိကောင်းစရာများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူ များ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်းတပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေ ထွက်ကောင်းသော နေရာများတွင် နေထိုင်ရန်၊ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြရန်စသည်တို့ကို နှိုးဆော်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း (အင်းစိန်)၊ တွဲလက်လူမှုကူညီရေးအဖွဲ့၊ စိန်ရတနာနာရေး ကူညီမှုအသင်း၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)