ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် တတိယအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့၊ နံနက် (၉)နာရီက ပုဏ္ဏားကျွန်းမြို့လောကမာရဇိန် ဘုရားကြီးသိမ်တော်၊ ယိုးတရုပ် တိုက်နယ်ဆေးရုံ၊ အလယ်ချောင်း ကျန်းမာရေးဌာန၊ ကွန်းတောင်ကျန်းမာရေးဌာနနှင့်ပိုးရွှီပြင် တိုက်နယ်ဆေးရုံတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါစုရပ်များ၌ အသက်(၄၅)နှစ်နှင့်အထက် ဦးတည်အုပ်စုများအလိုက်သတ်မှတ် နေရာများတွင် ဒီဇင်ဘာလ(၂) ရက်နေ့မှ ယမန်နေ့အထိ၊ တတိယအသုတ် (ဒုတိယ)အကြိမ်တွင် လာရောက် ထိုးနှံသည့် ဒေသခံပြည်သူ (၃၈၂၉)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာ ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဦးတည်အုပ်စုများ အလိုက်သတ်မှတ်နေရာ အသီးသီးတို့၌ တတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)