မြင်းခြံ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် စာရေး ဆရာ မောင်မိုးယံ၏ "လူငယ်နှင့်...အနာဂတ်ဘဝ မြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဦးထိန်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့် တက်ရောက်လာသော စာပေချစ် လူငယ်လူကြီးများမှ စာရေးဆရာ မောင်မိုးယံ၏ "လူငယ်နှင့်...အနာဂတ်ဘဝ မြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်၏ လူငယ်နှင့် တက်လမ်း၊ လွတ်လပ်သောလူမျိုး၏ တန်ဖိုး၊ လူငယ်နှင့် လူမှုဆက်ဆံရေး၊ လူငယ်နှင့် ဆေးလိပ်အန္တရာယ်၊ လူငယ်နှင့် စာပေမြတ်နိုးစိတ်၊ လူငယ်နှင့် ပရဟိတ စသည့် အကြောင်းအရာ အသီးသီးကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် စာပေချစ်သူများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)