မိတ္ထီလာ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အင်းကန်းကုန်းကျေးရွာတွင် လယ်ယာမြေဧက ၁၀၀ ကို အကျိုးပြု နိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းမူလရန်ပုံငွေ ကျပ် ၅၃.၀၇၂၃ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် TNT Myanmar Construction Co;Ltd မှ တာဝန်ယူပြီး အင်းကန်းကုန်းကျေးရွာ အရှေ့ဘက် ကွင်းအမှတ်(၁၂၅၂/၂၀၆၁)သို့ သွားသော ကုန်ထုတ်လမ်း အရှည် ၀/၂.၃၃ မိုင် ကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း ၊ ၁/၀.၆၇ မိုင်ကို ဂျင်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျှက်ရှိရာ ၎င်းကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလအကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက အင်းကန်းကုန်းကျေးရွာရှိ အိမ်ခြေ ၃၄၄၊ လူဦးရေ ၁၇၅၃ ဦးတို့၏ လယ်ယာမြေ ဧက ၁၀၀ မှ ထွက်ရှိလာမည့် ဒေသထွက်ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)