ဟိုပန်၌ တတိယအသုတ်( ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

ဟိုပန်   ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ​ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်)တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက်  ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီများ ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်ထမ်းများနှင့်  မီးသတ်တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ယနေ့အထိ  အသက်(၁၈)နှစ်အထက် အမျိုးသား(၅၀၂)ဦး ၊ အမျိုးသမီး (၅၅၈)ဦး စုစုပေါင်း ပြည်သူ(၁၀၆၀)ဦး တို့အား တတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)