ကိုဗစ်-၁၉ ကာလ သံဃာတော်များ ဆွမ်းအခက်ခဲမရှိရေး ဆွမ်း၊ ဆန်တော်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း ဆက်ကပ်လှူဒါန်းပေး

မော်လမြိုင်    ဒီဇင်ဘာ     ၉

ကိုဗစ်-၁၉ ကာလအတွင်း ရဟန်းသံဃာတော်များ ဆွမ်းအခက်ခဲမရှိစေရေးအတွက် ဆွမ်း၊ ဆန်တော်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခြင်းကို  ယမန်နေ့နံနက် ၉နာရီ က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်တွင် သွားရောက်ဆက်ကပ်    လှူဒါန်းပေး သည်။

ရှေးဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမြိုင်  ပရိယတ္တိစာသင်တိုက်   ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒ က ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆွမ်း၊ ဆန်တော်၊ ဆီ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ လှူဒါန်းမှုအစုစုတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်တိုက်အတွင်း ရှင်ရဟန်း သံဃာတော်များ  စာဝါ သင်ကြားပို့ချနေမှုကို အားပေးကြည်ညိုပြီး အဆိုပါကျောင်းတိုက်အတွက် ဆွမ်းဆန်တော်(၂၅)အိတ်၊   စားသုံးဆီ (၁၀)ပိသာပုံး ()ပုံးအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပေးသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာလတွင် ပြည်နယ်အတွင်းရှိ ပရိယတ္တိသာသနာ့ တာဝန်ထမ်းဆောင်နေသည့် ရဟန်း၊ သံဃာတော်များ ဆွမ်းဝေယျာဝစ္စ အခက်အခဲ မရှိစေရေးအတွက် ဆရာ၊ ဒကာစီမံချက်များချမှတ်ကာ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း