အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်(၂)သိန်း လာရောက် လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်တစ်ဦးက အသင်းရုံးသို့ အလှူငွေ ကျပ်(၂)သိန်း လာရောက်လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီ မှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင် ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အမှတ်(၆၂၂)၊ ညောင်တပင်လမ်းနေ အငြိမ်းစား ကျောင်းဆရာမကြီး (ဒေါ်ခင်မြဦး)အား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၂)သိန်းကို လာရောက်လှူဒါန်းရာစိန်ရတနာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)