အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ် သင်ကြားလျက်ရှိ

ရန်ကုန်          ဒီဇင်ဘာ        ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၁)သင်တန်းကို ဒီဇင်ဘာလ(၆)ရက်နေ့က စတင်ကာ သင်တန်းသား(၅၀)ဦးဖြင့် ကျွမ်းကျင်ပညာရှင်များက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်တန်းတွင် မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး ပညာရပ်များနှင့် စာတွေ့လက်တွေ့၊ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန် များတွင် ရေများအဆင်သင့် ရှိစေရေး၊ အသေးစား မီးသတ်စက်များ အဆင်သင့် စီမံဆောင်ရွက်ထား ရှိစေရေး စသည့်တိုကို အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် ကျွမ်းကျင် ပညာရှင်များက သင်တန်းသား(၅၀)ဦးကို ဒီဇင်ဘာလ(၆)ရက်နေ့မှ ဒီဇင်ဘာလ (၃၀)ရက်နေ့ ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)