ရွှေကူ ဒီဇင်ဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box ကုန်ကျစရိတ် (၁)လစာထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က ရွှေကူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ရွှေကူမြို့နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါ ဝင်ဆောင်ရွက်လျက် ရှိသော Volunteer များအတွက် စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box (၁)လစာ ကုန်ကျစရိတ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ရွှေကူမြို့နယ်အတွင်းရှိ မြို့နယ်လုံးဆိုင်ရာ နာမှုကူညီရေးအသင်းမှ Volunteer (၁၅) ဦး၊ငြိမ်းအေးချမ်းသာ လူမူကူညီရေးအသင်းမှ Volunteer (၁၅)ဦး၊ သွေးလှူရှင်အသင်းမှ (၇) ဦး၊ မြို့နယ်ကြက်ခြေနီ အသင်းမှ(၅)ဦး၊ ယုံကြည်ရာပရဟိတအဖွဲ့(ဦးတိုးတိုးထွန်းနှင့်အဖွဲ့)မှ(၆)ဦး စုစုပေါင်း Volunteer (၄၈)ဦးအတွက်တစ်ဦးလျှင်(၁၂၀၀၀ဝိ/) နှုန်းဖြင့် စားသောက်စရိတ် (၅၇၆၀၀၀ဝိ/) ကျပ်ကိုလည်းကောင်း၊ COVID-19 ရောဂါ ကူးစက်ခံရသူလူနာများ၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့သည့် သူများအား အကြိုအပို့ဆောင်ရွက်ပေးသော လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဉ်(၁၁)စီးအတွက် စက်သုံးဆီကုန်ကျစရိတ် တစ်စီးလျှင်(၈၀၀၀ဝိ/) နှုန်းဖြင့် (၈၈၀၀၀ဝိ/) ကျပ် စုစုပေါင်းထောက်ပံ့ပေး အပ်ငွေ (၆၆၄၀၀၀ဝိ/) ကိုလည်း ကောင်း၊ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်း များဖြစ်သည့်(PPE) ဝတ်စုံ(၁၀၀)၊ (Mask) ၂၈၅၀ ခု တို့ကို မြို့နယ် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာလူမှုရေး အသင်း အဖွဲ့များ က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်၊ပြန်/ဆက်