မှော်ဘီမြို့နယ်တွင် ကျေးလက်နေပြည်သူများအတွက် အခြေခံမော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်

မှော်ဘီ၊ ဒီဇင်ဘာလ ၉ ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံမော်တာစက်ချုပ်သင်တန်းကို သန္ဓေပင်တောင်ပိုင်းကျေးရွာတွင် ဖွင့်လှစ် ခဲ့ကြောင်း မှော်ဘီမြို့နယ်​ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက အခြေခံမော်တာစက်ချုပ်သင်တန်း ဖွင့်လှစ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမက သင်တန်းနှင့်ပတ်သက်၍ စည်းကမ်းချက်များ ကိုရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းသို့ ကျေးရွာနေပြည်သူ(၂၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)