ရမည်းသင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ကျောက်သပြေများ အောင်မြင်ဖြစ်ထွန်း

ရမည်းသင်း    ဒီဇင်ဘာ   

မန္တလေးတိုင်းဒေသကြီး၊   ရမည်းသင်းမြို့နယ်    သဲကျောင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ကျောက် သပြေများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်

အဆိုပါ   ကျောက်သ​ပြေများကို  တစ်ပေပတ်လည်ကျင်းများတူးပြီး စိုက်ပျိုးရကြောင်း၊ ဆယ်ရက် တစ်ကြိမ် အညွန့်ထွက် ဆေးများ ဖျန်းပေးရကြောင်း၊ ရေလောင်းပေးရကြောင်းနှင့်  စိုက်ပျိုးပြီး    ၅ နှစ် ပြည့်တဲ့အချိန်မှာ အညွန့်များ လှိုင်လှိုင်ခူး နိုင်ပြီး အပင်ကြီးလာလျှင် အညွန့်များပိုထွက်အောင် တစ်နှစ် တစ်ကြိမ် ခုတ်ပေးရတယ်လို့ ကျောက်သပြေ စိုက်ပျိုးသူ ဒေါ်ဇင်မာမှ ယခုလိုပြောပြသည်။

ကျောက်သပြေ စိုက်ပျိုးမှုကြောင့် ကျောက်သပြေပန်းတစ်စီးလျှင် ငွေကျပ် (၇၀) ဖောက်သယ်သွင် ရသလို ကိုယ်တိုင်ရောင်း ရင်လျှင် (၁၀၀) ကျပ်အထိ ရောင်းချရပြီး ညှပ်နိုင်ရင် ညှပ်နိုင်သလို‌  ရောင်းရ ကြောင်း တစ်ရက်လျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်အထိ ရောင်းချရကာ နှစ်ရှည်ပင်ဖြစ်တဲ့အတွက် နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်

ခရိုင် ပြန်/ဆက် (ရမည်းသင်း)