သင်္ဃန်းကျွန်း ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကော်လိပ်တွင် နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ ညနေ (၂) နာရီအချိန်က ပညာနေခြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းပြီးဆုံးပါက မင်းပြားမြို့နယ်သို့ သွားရာက် တာဝန်ထမ်းဆောင်မည့် ဆရာမ ဒေါ်စိုးဝင်းဖြူ၏ ရင်တွင်းစကားသံများကို မေးမြန်းခဲ့ရာ-
မေး- မင်္ဂလာပါ ဆရာမရှင် ဆရာမရဲ့ အမည်လေးနှင့် တက်ရောက်နေတဲ့ သင်တန်းလေး သိချင်ပါ တယ်ရှင့်၊
ဖြေ- ကျွန်မနာမည်ကတော့ ဒေါ်စိုးဝင်းဖြူဖြစ်ပါတယ်။ ဒီသင်တန်းမှာ လက်ထောက်မူလတန်းပြ သင်တန်းကို တက်ရောက်နေတာ ဖြစ်ပါတယ်ရှင့်၊
မေး- ဆရာမတို့အနေဖြင့် သင်တန်းမတက်ခင်နဲ့ တက်ပြီး မိမိကိုယ်မိမိ ဘယ်လိုပြောင်းလဲသွားပါ သလဲရှင့်၊
ဖြေ-ကျွန်မကတော့ ဒီသင်တန်းကို မတက်ခင်တုန်းက ဝန်ထမ်းတွေရဲ့ လိုက်နာရမည့် စည်းကမ်းတွေ ကလေးတွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတာ မသိခဲ့ပါဘူး။ ယခုသင်တန်းမှာ သင်ကြားပေး လိုက့်တဲ့အတွက် ဝန်ထမ်းတွေရဲ့ စည်းကမ်းချက်တွေ လိုက်နာရမည့် ကျင့်ဝတ်တွေ ကလေးတွေကို သင်ကြားပေးရမည့် နည်းလမ်းတွေကို သိရှိရတဲ့အတွက် မိမိတို့ဌာနေကို ပြန်ရောက်တဲ့အခါ မိမိတို့ ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ ပညာတွေနှင့် ပြန်လည်အကျိုးပြုမည် ဖြစ်ပါတယ်ရှင့်။
ထို့ပြင် သင်တန်းပြီးဆုံး၍ မြောက်ဦးမြို့နယ်တွင် တာဝန်ထမ်းဆောင်မည့် ဆရာ ဦးအောင်ဆန်းလင်းကို မေးမြန်းခဲ့ရာ-
မေး- မင်္ဂလာပါ ဆရာရှင် ဆရာရဲ့ အမည်လေးနှင့် တက်ရောက်နေတဲ့ သင်တန်းလေး သိချင်ပါတယ်ရှင့်။
ဖြေ-ကျွန်တော်နာမည်ကတော့ ဦးအောင်ဆန်းလင်း ဖြစ်ပါတယ်။ ဒီသင်တန်းမှာ လက်ထောက ်မူလတန်းပြ မွမ်းမံသင်တန်းကို တက်ရောက်နေတာ ဖြစ်ပါတယ်ခင်ဗျာ။
မေး-သင်တန်းမှာ သင်ကြားခဲ့ရတဲ့ အတွေ့အကြုံလေးတွေရော သိချင်ပါတယ်ရှင့်။
ဖြေ-သင်တန်းမှာကတော့ ကိုယ်နှင့် ဝါသနာတူ စိတ်တူ သူငယ်ချင်းအသစ်တွေရတယ်။ သင်တန်းသူ အချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွေ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတွေ အတွက် အတွေ့အကြုံရပါတယ်ခင်ဗျာ။
မေး-ဆရာရှင် ဆရာတစ်ယောက်ရဲ့ခံယူချက် ထားရှိရမည့် စိတ်နေသဘာထားလေးရော ဘယ်လိုမျိုး ခံယူထားပါသလဲရှင့်၊
ဖြေ-ကျွန်တော်က ငယ်စဉ်ကတည်းက ဆရာတစ်ယောက် ဖြစ်ချင်တာပါခင်ဗျာ၊ ကျွန်တော်တို့ ဒီသင်တန်းမှာ သင်ကြားပို့ချပေးတယ့် ဆရာမကြီးတွေရဲ့ သင်ကြားပြသမှုတွေကို သဘောကျပါတယ်။ ဆရာဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်၊ မိမိတတ်မြောက်ထားသော ပညာနှင့် အသက်မွေးရတဲ့အတွက် လည်း ဂုဏ်ယူပါတယ်၊ မိမိကျွမ်းကျင်သော ပညာများဖြင့် အနာဂတ်ကလေးတွေကို ပြန်လည် သင်ကြားနိုင်မည့်အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်ခင်ဗျာ။
ထို့နောက် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၅)ဦးအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှူး ဦးဘသန်းက လက်ထောက် မူလတန်းပြ ဆရာ၊ ဆရာမများအား အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး ဆရာ၊ မဆရာမတို့အ နေဖြင့်လည်း မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းများဖြင့် ကလေးငယ်များအား စေတနာရှေ့ထား ပြန်လည် သင်ကြားပြသကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)