အမရပူရ ဒီဇင်ဘာ ၉
အမရပူရမြို့နယ် ၂၀၂၁ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တမုတ်ဆိုးကျေးရွာ အဆင့်မြင့် လယ်ယာမြေ ဧက (၁၅၀)၊ ကွင်းအမှတ်(၅၇၀-ခ)၊ ဦးပိုင်အမှတ်(၅၈) တောင်သူ ဦးကြိုးကြာ ပိုင်ဆိုင်သော မိုးစပါးစိုက်ကွင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းဖြိုးနှင့် ဝန်ထမ်း များ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ကွင်းတာဝန်ခံ ဦးမြငြိမ်း(မြေတိုင်းလေး)နှင့် တောင်သူများ တက်ရောက်ကြ၍ ကွင်းမှတ်(၅၇၀-ခ)၊ ဦးပိုင်အမှတ်(၅၈) တောင်သူဦးကြိုးကြာ ပိုင်ဆိုင်သော လယ်ယာမြေတွင် စိုက်ပျိုးထားသည့် ဧရာမင်း(မိုးစပါး)စံကွက်ရိတ်သိမ်းရာ ကောက်ကွက်(၉၈) ပင်၊ ပင်ပွား(၁၀)ပင်၊ တစ်နှံပါအစေ့(၁၁၃)စေ့၊ အောင်စေရာခိုင်နှုန်း(၈၅)ရာခိုင်နှုန်းထွတ်ရှိ၍ စပါးအစို တစ်ဧကလျှင် (၁၀၈.၁၇)တင်းထွတ်ရှိကြောင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိထံမှ သိရသည်။
အဆိုပါ အဆင့်မြင့် လယ်ယာမြေဧက(၁၅၀)မှ တစ်ဧကလျှင် တင်း(၁၀၀)ထွက်ရှိရေးဖြင့် ဧက (၁၀၀)တွင် မိုးစပါးစိုက်ပျိုးထား ကြောင်းသိရသည်။
တင်တင်လှ