ရမည်းသင်း ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
အခမ်းအနားမှူးသင်တန်းတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အခမ်းအနားမှူးမျာရဲ့ အရည်အချင်းကို ရှင်းလင်းပြီး ဌာနတွင်းအခမ်း အနား၊ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ဂုဏ်ပြုပွဲအခမ်းအနားတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ရမည်းသင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းသူ (၁၆) ဦး တက်ရောက် ကြပြီး သင်တန်းကို ဒီဇင်ဘာ ၉ ရက် မှ ၁၀ ရက်နေ့ထိ ခရိုင်ပြန်/ဆက် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး၊ ပျော်ဘွယ်မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်စန်းစန်းကြူနှင့် ခရိုင်ပြန်/ဆက် ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးတို့က စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်