ကျောက်တံတား ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းမှ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက်(၈)နာရီအချိန်က အနော်ရထာလမ်းနှင့် ၃၈ လမ်းတွင် ဆန်၊ ဆီနှင့် ကြက်ဥများ ရောင်းချပေးလျက်ရှိရာ ဆန်ချော(၅)ပြည်ပါ (၁) အိတ်(၈၅၀၀)ကျပ်၊ ဆန်ကြမ်း (၅)ပြည်ပါ (၁)အိတ် (၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅၀)ကျပ်နှင့် ကြက်ဥ (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်မှ ကြီးကြပ်ပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့များမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)